Flashing MIUI China ROM to Global ROM

Ye Min Ko
3 min readAug 13, 2021

--

https://en.miui.com/v12_5

MIUI China ROM ကနေ Global ROM ပြောင်းလဲရာမှာ ကိုယ်တိုင် ကြုံတွေ့ခဲ့ရသမျှကို အတိုချုံး စုစည်းပြီး ရေးထားပါတယ်။

China ROM တွေမှာ MIUI 12.5 update ကနေစပြီး တချို့ဖုန်းတွေမှာ google service လုံးဝထည့်လို့မရအောင် Xiaomi ကပြုလုပ်ခဲ့ပါတယ်။

ဒီလိုပြုလုပ်ခဲ့တာကြောင့် အရင်ကလို့ Google installer တွေ TTA Gapp Installer တွေ နဲ့သုံးလည်း ခဏပဲအဆင်ပြေမှာ ဖြစ်ပါတယ်။

ဒါကြောင့် Global ROM ချိန်းလိုက်ခြင်းက ပိုကောင်းတဲ့ ရွေးချယ်စရာတစ်ခု ဖြစ်လာပါတယ်။

Global ROM ပြောင်းခြင်းက သင့်ရဲ့ဖုန်းကို ပျက်စီးစေနိုင်ပါတယ်။ အောက်ပါဖော်ပြချက်တွေကကိုယ်တိုင် Global ROM တင်တုန်းက ကြုံတွေ့ရသမျှသာဖြစ်ပြီး အကယ်၍ တစ်စုံတစ်ရာ မှားယွင်းပျက်စီးပါက ပြုလုပ်သူကိုယ်တိုင်နှင့်သာ သက်ဆိုင်ပါသည်။

အောက်ဖော်ပြပါအဆင့်များသည် Mi CC9(pyxis) MIUI 12.5.x (China ROM) ကို Global ROM (MIUI 12.5.x) သို့ပြောင်းလဲခြင်းဖြစ်ပါသည်။

*Article ကို အစအဆုံးလေ့လာပြီးမှ ပြုလုပ်ပါ။

Step 1: Unlock Bootloader

အထက်ပါ guide အတိုင်းပြုလုပ်ပါ။ သတိပြုရန်မှာ Developer Options ထဲက Mi Unlock Status မှာ “Add Account and Device” button ကိုနှိပ်တဲ့အခါ Mi Account register လုပ်ခဲ့တဲ့ sim card နဲ့ internet ဖွင့်ပေးထားရပါမယ်။

Couldn’t verify. Try adding.. ဖြစ်နေလျှင်

Mi Account ကို logout ထွက်ပြီး ပြန်ဝင်ပြီးမှ စမ်းကြည့်ပါ။

“Add Account and Device” button မှိန်သွားပြီး successful message မပြလျှင်

Button နှိပ်ပြီးခဏကြာရင် “Added Successfully. Mi Account is associated with this device now” စာတက်လာရပါမယ်။ ဒီလိုတက်မလာရင် VPN ဖွင့်ပြီး ပြန်စမ်းကြည့်ပါ။

Mi Unlock Tool ရဲ့ UI က အောက်ပါအတိုင်း ဖြစ်ပါတယ်။

Mi Unlock Tool

Mi Unlock Tool မှာ ဖုန်းမပေါ်လာခဲ့လျှင်

How to FIX Mi flash unlock tool not detecting Xiaomi phone and unlock!

အထက်ပါ video အတိုင်းမရပါက ဒါမှမဟုတ် Fastboot mode ကနေ “press any key to shutdown” error တက်နေပါက အောက်ပါ video အတိုင်းလုပ်ကြည့်ပါ။

How to FIX “press any key to shutdown” FASTBOOT error — without using USB HUB and USB 2 port

unlock လုပ်တာအောင်မြင်သွားရင် Data အကုန်ပျက်ပြီး reboot ပြန်တက်လာပါလိမ့်မယ်။ Mi Unlock Status မှာ This device is unlocked ဖြစ်သွားရင် unlock ပြုလုပ်ခြင်းပြီးပါပြီ။

Step 2: Install Global ROM

Global ROM ကို XiaomiRom.com (သို့) Official Site တို့ကနေ Fastboot ROM ကိုရွေးပြီး down ပါ။

Down ပြီးရင် အောက်ပါ guide တွေကို လေ့လာပြီး လုပ်ကြည့်ပါ။

Mi Flash Tool ရဲ့ UI ကအောက်ပါအတိုင်း ဖြစ်ပါတယ်။

Mi Flash Tool

Flash မလုပ်ခင်မှာ အရေးကြီးဆုံးကတော့ ညာဘက်အောက်နားက checkbox မှာ clear all ကိုရွေးပေးထားရပါမယ်။ clear all and lock ကို လုံးဝ မရွေးမိပါစေနဲ့။

Flash မလုပ်ခင် Configuration>MiFlash Configuration ထဲက Check Point input box မှာရေးထားသမျှကိုဖျက်ပစ်ပြီး Ok နှိပ်ပေးပါ။ မဟုတ်ရင် ဒီလို error တက်နိုင်ပါတယ်။

MiFlash Configuration

Reboot ဖြစ်ပြီးပြန်တက်လာရင်တော့ Global ROM တင်တာ အောင်မြင်ပြီဖြစ်ပါတယ်။

--

--

Ye Min Ko
Ye Min Ko

Written by Ye Min Ko

Dedicated to crafting digital experiences, always learning, and thriving in peaceful, focused spaces.

No responses yet